Blog

mmfreelancer99
April 25, 2017
Freelance Jobs-Freelancing-Myanmar No Comments

Freelance လုပ်ငန်း၏ အခြေခံဖြစ်သည့် ကျွမ်းကျင်မှုအသစ်များ လေ့လာသင်ယူခြင်း

Freelance လုပ်ငန်းကို အလုပ်အကိုင်တစ်ခုအဖြစ် ရွေးချယ်ခြင်းသည် အကျိုးကျေးဇူးများစွာ ရှိသည့်အတွက် ပိုမိုလူသိများလာပါသည်။ အိမ်မှာပင် ထိုင်ရာမထ အလုပ်လုပ်ရန် စိတ်ဝင်စားကြသော ငယ်ရွယ်သူ မျိုးဆက်များမှာ ဤအလုပ်ကို သူတို့၏ အချိန်ပြည့်အလုပ်တစ်ခုအဖြစ် သတ်မှတ်လာကြသည်။ Freelancer ဆိုသည်မှာ ကိုယ့်အလုပ်ကို ကိုယ်ဦးဆောင်ပြီး မိမိ၏ကျွမ်းကျင်မှု၊ အဆင်ပြေမှုအလိုက် ဖောက်သည်များကို ဝန်ဆောင်မှုပေးသူ ဖြစ်သည်။ အွန်လိုင်းတွင် Freelancer တစ်ယောက်အဖြစ် ရပ်တည်ခြင်း၏ အကျိုးကျေးဇူးများမှာ-
• သင်နှစ်သက်တာကို သင်လုပ်နိုင်သည်
• သင့်အိမ်မှာပင် သင်နေနိုင်သည်
• သင့်အလုပ်ချိန်နာရီ သင်ကိုယ်တိုင်သတ်မှတ်နိုင်သည်
• သင့်အလုပ်ရှင်ကို နာခံနေရန်မလိုပါ
• သင့်အလုပ်ချိန်အတိုင်း သင်ဝင်ငွေရနိုင်သည်


Freelance လုပ်ငန်း အမျိုးအစားများမှာ ကွဲပြားခြားနားနိုင်ပြီး မိမိစိတ်ဝင်စားမှုနှင့် အရည်အချင်းအလိုက် ဆောင်ရွက်နိုင်ပါသည်။ အောက်ပါလုပ်ငန်းများကို သင်လုပ်နိုင်ပါသည်-
• ဝက်ဘ်ဆိုက် ဖန်တီးသူ၊
• Code ရေးသားသူ
• လိုဂိုဒီဇိုင်းဆွဲသူ
• အကြောင်းအရာ (Content) ရေးသားသူ
• အွန်လိုင်းမားကတ်တင်း စသည်။
သင်ရသော ဝင်ငွေသည် စစချင်းမှာ သိပ်မများသော်လည်း လုပ်ငန်းကြီးထွားလာကာ သင်ကိုယ်သင် ယုံကြည်မှုရှိပြီး လူသိလည်း များလာပါက ဝင်ငွေများစွာ ရလာနိုင်ပါသည်။ Freelance လုပ်ငန်းများ လုပ်နေရင်းနှင့်လည်း သင့်အရည်အချင်းများ တိုးတက်လာစေရန် ကြိုးစားနိုင်သေးကြောင်း သတိပြုရန် အရေးကြီးပါသည်။

 


အားလပ်ချိန်များတွင် အွန်လိုင်းမှ အသစ်တင်ထားသော ဆောင်းပါးအချို့ ဖတ်ရှုရန်လည်း သင်အချိန်ရနိုင်ပါသည်။ ထိုအခါ သင့်အရည်အချင်းများ တိုးတက်ပြီး ဝင်ငွေပိုရအောင် လေ့လာသင်ကြား နိုင်ပါလိမ့်မည်။ သင့် Freelance လုပ်ငန်းကို သင်ပိုမိုလေ့လာပြီး သေချာ အကောင်အထည် ဖော်နိုင်လေ သင့်ဖောက်သည်များ ပျော်ရွှင်ကျေနပ်အောင် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်ပေးနိုင်လေ ဖြစ်ပါသည်။ burmesehearts.com ကဲ့သို့သော Platform များမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံး e-learning platform တစ်ခု ဖြစ်ပါသည်။ ဤဝက်ဘ်ဆိုက်တွင် အချိန်နှင့်အမျှ ဝင်ငွေပိုရအောင် သင်ယူလေ့လာနိုင်ပြီး ကျွမ်းကျင်မှုများ တိုးမြှင့်ပေးနိုင်ပါသည်။

 

 

 

Comment