Blog

mmfreelancer99
April 25, 2017
Freelance Jobs-Freelancing-Freelancing for women-Myanmar No Comments

အမျိုးသမီးများအတွက် အကောင်းဆုံး အလုပ်အကိုင်တစ်ခု အဖြစ်ရွေးချယ်နိုင်သည့် Freelance လုပ်ငန်း

ယနေ့ခေတ် အလုပ်ခွင်ဝင်ရသော အမျိုးသမီးများသည် အိမ်အလုပ်ရော ရုံးအလုပ်ပါ လုပ်ကိုင်ရသည့်အတွက် ကိုယ်၊ စိတ်ဖိစီးမှုများပြီး ခက်ခဲသောအခြေအနေကို ရင်ဆိုင်နေရပါသည်။ အလုပ်ခွင်မှ အမျိုးသမီးများသည် ညစာချက်ပြုတ်ရခြင်း၊ လျှော်ဖွပ်ရခြင်း၊ ဈေးဝယ်ထွက်ရခြင်း၊ ကလေးထိန်းရခြင်း စသည့် အိမ်အလုပ်များကိုလည်း လုပ်နေရသည်။ ထို့ကြောင့် ရုံးအလုပ်ရော အိမ်အလုပ်ပါ ပင်ပင်ပန်းပန်း ဆောင်ရွက်နေရပါသည်။

ထိုသို့ ကရိကထများကြောင့် Freelance လုပ်ငန်းကဲ့သို့ အွန်လိုင်းအလုပ်များမှာ သူတို့အတွက် ပိုမိုရေပန်းစား လာပါသည်။ အိမ်စရိတ် ကူရှာနိုင်အောင် အထူးသဖြင့် အချိန်ပိုင်း အလုပ်လုပ်ဖို့ လိုသော အမျိုးသမီးများသည် ထိုအလုပ်များကို သူတို့နေအိမ်မှာပင် အိမ်အလုပ်များ လစ်ဟင်းခြင်း မရှိစေရဘဲ လုပ်ကိုင်နိုင်ပါသည်။
အမျိုးသမီးများအတွက် Freelance လုပ်ငန်းသည် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးတွင် အကောင်းဆုံး အလုပ်အကိုင်တစ်ခု ဖြစ်လာနေပါသည်။ ကွန်ပျူတာရှေ့တွင်ထိုင်ပြီး နာရီအနည်းငယ် အလုပ်လုပ်ခြင်းမှာ မလုပ်နိုင်စရာအကြောင်း မရှိလှပါ။ ရရှိနိုင်သည့် အလုပ်အမျိုးအစားများမှာလည်း များစွာရှိသည့်အတွက် မိမိ နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။ ဥပမာအားဖြင့် ဝက်ဆိုက် ဖန်တီးခြင်းကို စိတ်ဝင်စားသူ ဖြစ်ပါက ဝက်ဘ်ဆိုက် ဒီဇိုင်းရေးဆွဲသည့်အလုပ်ကို ရွေးနိုင်သည်။ နည်းပညာ သိပ်မကျွမ်းကျင်သော်လည်း စာရေးကောင်းသူ ဖြစ်ပါက ဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များအတွက် နေ့စဉ် Content များ လိုအပ်သည့် ဖောက်သည်များစွာကို ရေးပေးနိုင်ပါသည်။


ထိုသို့သော အခွင့်အရေးများမှာ အွန်လိုင်းတွင် အမြဲရှိနေရာ မိမိတတ်ကျွမ်းမှု၊ အဆင်ပြေမှု အလိုက် အလုပ်ချိန်နာရီ သတ်မှတ်ထားနိုင်ပါသည်။ သင်အလုပ်ပိုလုပ်လေ အွန်လိုင်းမှာ ငွေပိုရှာနိုင်လေ ဖြစ်ပါသည်။ ထို့ကြောင့် သင့်အစွမ်းအစကို သိရအောင် စမ်းကြည့်သင့်ပါသည်။ Freelance လုပ်ငန်းကို အချိန်ပိုင်း သို့မဟုတ် အချိန်ပြည့်အလုပ်တစ်ခုအဖြစ် အွန်လိုင်းတွင် စတင်ငွေရှာလိုက်ပါ။

Comment